ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ၁၁တန်းကျောင်းသားပါ။
ကျွန်တော်က အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ၁၁တန်းတက်ရောက်နေပါတယ်။ ကျောင်းစာတွေကိုလည်း အားသွန်ခွန်စိုက်ကြိုးစားလေ့လာပြီး အားလပ်ချိန်တွေမှာတော့ ဘောလုံးကန်ရတာကို အထူးကြိုက်နှစ်သက်ပါတယ်။အိမ်မှာနေရင်တော့အားလပ်တဲ့အချိန်မှာဂီတာတီးလေ့ရှိပါသည်။ညနေခင်းအချိန်မှာလည်းတစ်ခါတစ်လေသူငယ်ချင်းနှင့်အတူစက်ဘီးလိုက်နည်းလေ့ရှိသည်။
ဘောလုံးကန်ရတာက ကျွန်တော့်အတွက် အကောင်းဆုံးအားကစားတစ်ခုပါ။ အသင်းနဲ့ကစားရတာ၊ နည်းဗျူဟာတွေတွေးခေါ်ရတာ၊ အားကစားစိတ်ဓာတ်တွေရရှိရတာကို နှစ်သက်ပါတယ်။
စိုက်ပျိုးရေးလောကမှာ အထူးသဖြင့် Hydroponic (မြေမဲ့စိုက်ပျိုးနည်း) နည်းပညာကို အထူးစိတ်ဝင်စားပါတယ်။
Hydroponic ဆိုတာက မြေမသုံးဘဲ ရေနဲ့အာဟာရပျော်ရည်တွေကိုသုံးပြီး အပင်တွေကိုစိုက်ပျိုးတဲ့နည်းပညာတစ်ခုပါ။
ကျွန်တော် Hydroponic နည်းနဲ့ ဟင်းသီးဟင်းရွက်လေးတွေ စမ်းသပ်စိုက်ပျိုးဖို့ စီစဉ်နေပါတယ်။
ကျွန်တော်ဟာ ပညာရေးကိုဆက်လက်တက်မြှောက်ပြီး နည်းပညာနဲ့စိုက်ပျိုးရေးကို ပေါင်းစပ်အသုံးချနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလိုပါတယ်။ Hydroponic နည်းပညာကို ပိုမိုကျွမ်းကျင်စွာ လေ့လာပြီး မိမိဒေသအတွက် အကျိုးရှိမယ့် နည်းလမ်းတွေကို ဖော်ထုတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။စမ်းသပ်ထုတ်ကုန်များဖန်တီးချင်သောဆန္ဒလည်းရှိပါသည်။